ဆင်ဖြူတော်ကထုတ်တဲ့ နာနတ်ယိုလေး ဖြစ်ပေါ်လာပုံလေးကို ပြောပြပေးပါမယ်။ နာနတ်သီးဆိုတာရှမ်းပြည်နယ်ထွက်သီးနှံတွေထဲကတစ်ခုဖြစ်ပြီးတစ်နှစ်ကိုမိုးသီးနဲ့ဆောင်းသီးဆိုပြီးတော့နှစ်သီးသီးပါတယ်။ မိုးသီးကတော့ July လ ဝန်းကျင်မှာ ထွက်ပြီး အရည်ရွှမ်း၊ အချိုဓာတ်များပြီး ဆောင်းသီးကတော့ December လ ဝန်းကျင်မှာ ထွက်ပြီး အရည်ရွှမ်းနည်းသလို အချဉ်ဓာတ်များပါတယ်။ နာနတ်သီး တွေ ရလာပြီဆိုရင် ခေါင်းဖြုတ်၊ ရေဆေး၊ အခွံနွာ၊ မျက်ကွင်းဆူးလေးတွေကို ထွင်ပြီး စက်နဲ့ အနေတော် အရွယ်အတုံးလေးတွေ တုံး ပြီးရင် မူလအနံ့အရသာ မပျက်အောင် အဆင့်အဆင့် သကြားသွင်း သကြားနှပ် ပါတယ်။ အရသာ ပိုကောင်းအောင် သဘာဝ အချဉ်ဓာတ် အဖြစ် သံပုရာသီး၊ ပျားရည် အနည်းငယ်နဲ့ ရောစပ်ကာ အခြောက်ခံပြီးရင်တော့ မူလအနံ့အရသာ မပျက်တဲ့အပြင် ထူးကဲလှတဲ့ ချိုချိုချဉ်ချဉ် အရသာလေးနဲ့ အအီပြေ အိပ်ချင်ပြေ နာနတ်ယို လေး ရပါပြီ။ ကဲ...ပြောပြတာတွေကို ဖတ်ပြီးတော့အရမ်းတွေ စားကြည့်ချင်နေပြီဆိုရင်တော့ အပြေးလေးလာဝယ်လိုက်ပါနော်.