ခရမ်းချဉ်သီးဟာ စွယ်စုံအသုံးဝင်ပြီး ခန္ဓာကိုယ် ကျန်းမာရေး အတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။
ခရမ်းချဉ်သီးမှာ အင်တီအောက်ဆီးဒင့်ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်ဓာတ်များပေါများစွာ ပါဝင်တာကြောင့် ကျန်းမာရေးအတွက်စားသုံးနိုင်သလို အသားအရေနှင့်အလှအပ အတွက်ပါ စားသုံးကြပါတယ်။ ဆင်ဖြူတော်ကထုတ်တဲ့ ခရမ်းချဉ်သီးယိုလေးဟာ ဆိုရင်တော့ဖြင့် ပုံမှန် စားသုံးနေကြ နေ့စဉ်ဟင်းလျာတွေမှာ
ပုံစံအမျိုးမျိုးနဲ့ ပါဝင်နေလေ့ရှိတဲ့ ခရမ်းချဉ်သီးကိုမှ ယို ပုံစံ အသွင်ပြောင်းထုတ်လုပ်ထားတာဖြစ်လို့ အထားလည်းခံသလို အရသာမှာလည်း ထူးခြားလှပါတယ်
အားလုံးကြိုက်တဲ့ အချဉ်မစူး အချိုများတဲ့ ချိုချဉ် အရသာလေးဖြစ်လို့ ဘုန်းကြီးပွဲ ၊ အချိုပွဲအတွက်ပဲဖြစ်ဖြစ် ၊ မိသားစု စကားဝိုင်းမှာ ရေနွေးမြည်း စားရင်းပြောရင်း ဆွေးနွေးရင်း ဖြစ်ဖြစ်
အအီပြေ အိပ်ချင်ပြေလေး ဖြစ်ဖြစ် ဧည့်သည် ဧည့်ခံဖို့အတွက် ဖြစ်ဖြစ် ခင်မင်ရသူတွေကို လက်ဆောင် ပေးဖို့ ဖြစ်ဖြစ် ဘယ်လိုနေနေ သင့်တော်လှတဲ့ ယိုလေး ဖြစ်ပါတယ်